ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်(၆)မြို့နယ်တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲ ပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်(၆)မြို့နယ်တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၅

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စည်ပင်သာယာရေးရုံးဘေး (မြနန္ဒာပန်းခြံ)၌ လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံဝင်း၌ လည်းကောင်း၊ လှိုင်​သာယာမြို့နယ် (အရှေ့ပိုင်း)၊ အောင်မြေသာယာအားကစားဝင်း၌ လည်‌ေးကာင်း၊ တွံတေး-ဒလ-လှိုင်သာယာ၊ ဘုရားငုတ်တိုလမ်းဆုံ၊ သန်လျင်မြို့နယ် ငြိမ်းချမ်းကွင်း၌လည်းကောင်း၊ ကျောက်တံတားမြို့နယ်၊ ဆူးလေယာဉ်ရပ်နားကွင်း၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြသည်။

ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံမျိုးချစ်ပြည်သူများက သတ်မှတ်နေရာ အသီးသီးတွင် " ပြည်သူ့စစ်မှုထမ်းဥပဒေအား အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေး တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်စို့။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့။" အစရှိသည့်ပိုစတာများ ကိုင်ဆောင်ပြီး ကွင်းအတွင်း နေရာယူခဲ့ကြသည်။

ယင်းနောက် မျိုးချစ်ပြည်သူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းအား သံပြိုင်သီဆိုခြင်း၊ ဇာတိမာန်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို အမျိုးသားရေးအင်အားစုမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။