လီဗာပူးအသင်း အဓိကခံစစ် ကစားသမားအာနိုး ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနှင့် ကစားမည့်  ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လွဲချော်မည်

 

လီဗာပူးအသင်း အဓိကခံစစ် ကစားသမားအာနိုး ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနှင့် ကစားမည့်  ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လွဲချော်မည်

 

    လီဗာပူးအသင်း အဓိကခံစစ်ကစားသမား အာနိုးသည်  ဘန်လေအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ရရှိခဲ့သော  ဒူးဒဏ်ရာကြောင့်  ရက်သတ္တ အနည်းငယ် အနားယူရမည်ဖြစ်သည့်အတွက် ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီအသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့်ပွဲစဉ်ကို  လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အာနိုးသည် ဖေဖော်ဝါရီလ ၅ ရက်က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်   အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ ကစားသည့်ပွဲစဉ်၌     ဒူးဒဏ်ရာရရှိခဲ့ပြီး နောက်     အနည်းငယ် သက်သာလာသည့်အတွက် ဖေဖော်ဝါရီလ  ၁၀  ရက်က  ကစားသည့်  ဘန်လေအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင် ပြန်လည်ပါဝင်ခဲ့သော်လည်း    ဒူးဒဏ်ရာထပ်မံ ရရှိခဲ့သောကြောင့် ပထမပိုင်းအပြီးတွင်   လူစားလဲ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

အာနိုးအနေဖြင့်   ဒူးဒဏ်ရာပြင်းထန်မှု မရှိသော်လည်း    အသေးစိတ်ဆေးစစ်မှုများ ပြုလုပ်ရာတွင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန်  ရက်သတ္တပါတ် အနည်းငယ်အနားယူရမည့် အခြေအနေများကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်များအပြင်   ဖေဖော်ဝါရီလ ၂၅ ရက်တွင်ကစားမည့်  ချယ်လ်ဆီးအသင်းနှင့်  ကာရာဘောင်းဖလား ဗိုလ်လုပွဲကိုပါ လွဲချော်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၉ ရက်တွင် အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနှင့် ကစားမည့်ပွဲစဉ်မှသာ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။