ဟိုပုံးမြို့တွင် ထိုင်းနိုင်ငံသွားမည့် လူငယ် ၃၀၀ လောက်ကို ဖမ်းဆီးစစ်ဆေးခံ နေရကြောင်း သတင်းအမှားများကို အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေ လျက်ရှိ

 

ဟိုပုံးမြို့တွင် ထိုင်းနိုင်ငံသွားမည့် လူငယ် ၃၀၀ လောက်ကို ဖမ်းဆီးစစ်ဆေးခံ နေရကြောင်း သတင်းအမှားများကို အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေ လျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၆ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင်  ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံသို့သွားမည့် အသက် ၁၇၊ ၁၈ နှစ်အရွယ်ရှိ လူငယ် အယောက် ၃၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း အထင်အမြင်လွဲမှားဖွယ် ရေးသား ဖြန့်ဝေမှုများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်မှ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများမှ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ခိုအောင်းလှုပ်ရှားနေပြီး အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေး နှင့် လုံခြုံရေးတာဝန်များကို PNO ပြည်သူ့စစ်အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်သော လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးခြင်းများ မရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိ စေရန်၊ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့်နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်အမြင်လွဲမှားစေရန် အတွက် လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များကိုအခြေခံကာ သတင်းအမှားများကို အချိန်ကိုက်ထုတ်လွှင့်ကာ ဝါဒဖြန့်လှုံဆော်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။