ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦသစ်ဖွင့်ပွဲပြုလုပ်

ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၆ ရက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမအဆောက်အဦ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူ များတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ခွန်းတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦသစ်၌ ခင်းကျင်းပြသထား သည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့် အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြောကြားကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် တိုင်းမှူးက အလှူငွေများပေး အပ်လှူဒါန်းရာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ဘွဲ့နှင်းသဘင်ခန်းမအဆောက်အဦသစ်ဖွင့်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူငွေများလှူဒါန်းထားသည့် အလှူရှင်များအား တိုင်းမှူး နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။