ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်)
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း
၁။ အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဥက္ကဋ္ဌ
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
(ခ) ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ(၁)
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
(ဂ) စစ်ရေးချုပ် ဒုတိယဥက္ကဋ္ဌ(၂)
စစ်ရေးချုပ်ရုံး
(ဃ) စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
(င) စစ်ဦးစီးအရာရှိချုပ်(ရေ) အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
(စ) စစ်ဦးစီးအရာရှိချုပ်(လေ) အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)
(ဆ) တွဲဖက်စစ်ရေးချုပ် အဖွဲ့ဝင်
စစ်ရေးချုပ်ရုံး
(ဇ) တွဲဖက်စစ်ထောက်ချုပ် အဖွဲ့ဝင်
စစ်ထောက်ချုပ်ရုံး
(ဈ) ဒုတိယစစ်ရာထူးခန့်ချုပ် အဖွဲ့ဝင်
စစ်ရာထူးခန့်ချုပ်ရုံး
(ည) တွဲဖက်စစ်ဥပဒေချုပ် အဖွဲ့ဝင်
စစ်ဥပဒေချုပ်ရုံး
(ဋ) ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖွဲ့ဝင်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
(ဌ) ညွှန်ကြားရေးမှူး အတွင်းရေးမှူး
တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး
(ဍ) ဒုတိယညွှန်ကြားရေးမှူး တွဲဖက်အတွင်းရေးမှူး
တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန