ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၇ ရက်

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ အား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

    ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအတွင်းရှိ အာဟာရဌာနမှ လူနာများကို ကျွေးမွေးမည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား ကြည့်ရှု စစ်ဆေးပြီး လူနာများစားသောက်နေမှုကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။