မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒကုမာရ ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော်(၆၆)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

 

မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒကုမာရ ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော်(၆၆)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၁၇

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ စန္ဒကုမာရ ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော်(၆၆)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ  ဆရာတော်ဘဒ္ဒန္တစန္ဒကုမာရ အမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ခြင်္သေ့ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ခြင်္သေ့ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံ  အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတနှင့် မင်္ဂလာဓမ္မဇောတိကဓဇ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ၊ မာရဝိဇယရုပ်ပွားတော်တစ်ဆူနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်း ရရှိသည်။