ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှအဖွဲ့ဝင်များအားတွေ့ဆုံ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှအဖွဲ့ဝင်များအားတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေးသည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့် ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင် နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(ဗဟို)ရုံး၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက် ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ တက်ရောက်ကြသည်။

ဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူး ဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဗုဒ္ဓဘာသာ ကလျာ ဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် နာယကများ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ရုံးဧည့်ခန်းမဆောင်၌ YMBA အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဘိဓမ္မာနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဘာသာ စကားသင် တန်းများ သင်ကြားပို့ချပေးလျက်ရှိမှု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် YMBA အသင်းသားများမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိမှု၊ သဘာဝဘေးအန္တရာယ်ကူညီ ကယ် ဆယ်ရေးအတွက် အစုအဖွဲ့များ စုဖွဲ့ထားရှိမှု၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ရုံးချုပ် အဆောက်အဦသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုနှင့် အဆိုပါ အဆောက်အဦ သစ်အတွင်း၌ YMBA အသင်းကြီး၏ သမိုင်းဝင်ပြခန်းအပါအဝင် အခန်း များအလိုက် နေရာချထားရန် လျာထားမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုံးချုပ်အဆောက်အဦသစ်အား တည် ဆောက်ရာတွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ YMBA အသင်းကြီး စတင် ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ” ကြီးပွားမြင့်မားရေးပင်ဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာ ပညာ စောင့်ရှောက်ရေး သည် နိုင်ငံ့အရေးပင်ဖြစ်ပြီး နိုင်ငံ့အရေးနှင့် ပတ်သက်၍ နိုင်ငံတော်တွင်ရှိသည့် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့်လည်း နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ YMBA အသင်းကြီး အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ တို့ဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များကို ယဉ်ကျေးသိမ်မွေ့အောင် ဆောင် ရွက်ပေးပြီး ကောင်းမွန်သည့် လူမှုအသိုင်းအဝိုင်းကိုဖော်ဆောင်ပေးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရန်အတွက် YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ခွန်အားကို တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မူလအခြေခံ စိတ်ဓာတ်ကောင်းများရရှိစေရေး၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များရရှိစေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ်တွင်ထားရှိသည့်စိတ်ဓာတ်များကောင်းမွန်စေရေးနှင့် မှန်ကန်သည့်လမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် လူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်ကို ထိခိုက်ပျက်စီးစေ လိုသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၊ နိုင်ငံရေးအရအစွန်းရောက်သူ များ၏ ပယောဂများကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်နေကြသည်ကို စိတ် မကောင်းဖြစ်ဖွယ် တွေ့မြင်ရကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်မျိုးဆက်သစ်လူငယ် လူ ရွယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်မှုမရှိဘဲ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် လမ်းကြောင်းအမှားပေါ်သို့ ရောက်ရှိနေသည်မှာ နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်ကြောင်း၊ အဆိုပါလူငယ်များ မှန်ကန် သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးဆောင်ရွက်ရန်လိုကြောင်း။

လူငယ်များကို ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သည့် လူသားအရင်းအမြစ်များအဖြစ်မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချု်ပရေး ကောင်စီ၏ ဦးတည်ချက်များအနက် လူမှုရေးဦးတည်ချက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင် ရွက်ရေးဟု ချမှတ်ထားသကဲ့သို့ YMBA အသင်းကြီး၏ ရည်ရွယ်ချက်တွင်လည်း လူငယ် များ ၏ ကာယဗလ၊ ဉာဏဗလနှင့် စိတ္တဗလ များကောင်းမွန်စေရေး ချမှတ်ထားခြင်း ဖြစ်သဖြင့် နိုင်ငံကောင်းမွန်ရန်အတွက် တူညီသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ YMBA အသင်းကြီးကို စတင်ဖွဲ့စည်းခဲ့သည့်ခေါင်းဆောင်များနှင့် ခေတ်အဆက်ဆက်တာဝန်ယူ ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များအနေဖြင့် အမြင် ကျယ်ကျယ်ဖြင့် ဆောင်ရွက်ခဲ့ကြသကဲ့သို့ ယခုအချိန်တွင်လည်း အမြင်ကျယ်ကျယ် ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်း အမြစ်များမွေးထုတ်ပေးနိုင်ရေး YMBA အသင်းကြီး အနေဖြင့်ဆောင်ရွက်စေလို ကြောင်း။

YMBA အသင်းကြီးအနေဖြင့် အမျိုးသားရေးကိုဦးဆောင်နိုင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ရန်လိုပြီး နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပေါ်အောင် လှုံ့ဆော်နေသူများ၊ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံ့အရေးကိုဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိုင်းပြည် ၏ အနာဂတ်ပျက်စီးအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး တူညီသည့်အခွင့်အရေးများပေးထားပြီးဖြစ်သော်လည်း နိုင်ငံ ရေးကိုသဘောရိုးဖြင့်ဆောင်ရွက်ခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။

နိုင်ငံတော်ကိုကာကွယ်ရန်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး တပ်မတော် အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များမွေးမြူနိုင်ရေး၊ နိုင်ငံချစ်စိတ်၊ မျိုး ချစ် စိတ်များဖြစ်ပေါ်စေရေး နည်းလမ်းများရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး အနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခံယူချက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့် လူမျိုးအတွက် ခံယူချက်ကောင်းမွန်သည့် စိတ်ဓာတ်နှင့် ဆောင်ရွက်မှသာလျင် ရုပ်ပိုင်းဆိုင်ရာများ‌လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်စေခဲ့ပြီးရည်ရွယ်ချက် မှာ နိုင်ငံတော်၏အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကိုကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ YMBA အသင်းကြီးအနေဖြင့်လည်း ဗလငါးတန်ပြည့်ဝ အောင်ဆောင်ရွက်ရာတွင် အဆိုပါအချက်ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ကြရန်လိုကြောင်း၊ YMBA အသင်းကြီးအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက ဘာသာ ရေးဆိုသည်ထက် နိုင်ငံတော်၏ကောင်းရာကောင်းကျိုးဖြစ်သည့် လူမှုရေးကို အခြေခံ သည့် အမျိုးသားရေးအဖွဲ့အစည်းဖြစ်ပြီး ကာယ၊ ဉာဏ၊ စိတ္တအားများဖြင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ယခင် ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့်အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်း ဆောင်ရန်ဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်ပြန်ထားသည့်ဥပဒေကို လေ့လာခြင်း မရှိဘဲ အခြေအမြစ်မရှိသည့်သတင်းမှားများ၊ ထင်မြင်သုံးသပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေသည်များရှိကြကြောင်း၊ နယ်အသီးသီးရှိ YMBA အသင်း အဖွဲ့များအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိကိုယ်တိုင်လည်း သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ အမျိုးသားစစ်မှုထမ်းဆောင်ခြင်းဖြင့် နိုင်ငံသား များအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ( Team Sprit) ၊ အဖွဲ့အစည်းဖြင့် စည်းစနစ် ကျနစွာလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)တို့ဖြင့် နိုင်ငံ ကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကိုကာကွယ်ရန်ထမ်းဆောင်လိုသည့် စိတ်ဓာတ်သည် မြင့်မြတ်သည့်စိတ်ဓာတ်ပင်ဖြစ် ကြောင်း၊ ယခုအခါစစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြု သူများရှိသကဲ့ စစ်မှုထမ်းမဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင် လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများများပြားစွာရှိနေကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးအတွက် စိတ်ဓာတ်များလူငယ်များတွင်ရရှိစေရေး YMBA အသင်းကြီး အနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့အရေးအတွက်ဆောင်ရွက်ရာတွင် YMBA အသင်းကြီးသည် လူမှုရေးအဖွဲ့အစည်းများတွင် အရေးပါသည့်အဖွဲ့အစည်း ကြီးဖြစ်သဖြင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များကို အလေးအနက်ထားဆောင်ရွက်ကြရန်လိုပြီး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ် များကို စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်သူများသတင်း မှန်များသိရှိရေး၊ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ် သက်၍ အသိအမြင်အမှန်များရရှိပြီး စိုးရိမ်ပူပန်မှုများမရှိစေရေး၊ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍ လုံခြုံစိတ်ချရမှုရှိစေရေး၊ တိုင်းပြည်၏အနာဂတ်ဖြစ်သည့် လူငယ် လူရွယ်များအခန်းကဏ္ဍတိုးတက်မြင့်မားစေရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်များ၊ အမျိုးသားသွေးစည်းညီညွတ်ရေးစိတ်ဓာတ်များ တည် ဆောက်ရေးတို့အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိ သကဲ့သို့ YMBA အသင်းကြီးအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြ ရန် လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိသားစုတစ်စု၊ နိုင်ငံ တစ်နိုင်ငံကိုကောင်းမွန်အောင်၊ လုံခြုံစိတ်ချရပြီးတိုးတက်မှုရှိအောင် ပုံဖော် တည်ဆောက် ရာတွင် လူကြီးများသည် ၎င်းတို့ဖြတ်သန်းလာကြသည့် အတွေ့အကြုံများ၊ အသိအမြင် များကို တွန်းအား၊ ဆွဲအားအဖြစ် အသုံးပြုကြရပြီး လူငယ်၊ လူရွယ်များမှ ၎င်းတို့၏ နုပျိုသည့်ခွန်အားများဖြင့် လိုက်ပါဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိသားစုတစ်စု၊ နိုင်ငံ တစ်နိုင်ငံ ကောင်းမွန်စေရေးအတွက် မိသားစုဝင်များ၊ နိုင်ငံသူနိုင်ငံသားများကသာ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိသားစုကိုချစ်သည့်စိတ်၊ နိုင်ငံကို ချစ်သည့်စိတ် များ ရရှိကြစေရေး မိမိတို့အနေဖြင့် အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်းညီညွတ်သောပေါင်း စည်း စွမ်းအား(Well Organize) ဖြစ်အောင်နိုင်ငံတော်အစိုးရအနေဖြင့်ဘက်ပေါင်းစုံ မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) အနေဖြင့် လည်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ စောင့်ရှောက်ရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာ ကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ က ဓမ္မလက်ဆောင် ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် YMBA မှ စုဖွဲ့ပေးထားသည့် အဖွဲ့များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။