ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်အနိုင်ရရှိသော်လည်း လီဗာပူးအသင်းတွင် ဂျိုတာနှင့် ကာတစ်ဂျုံးစ်တို့ ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရကစားသမား ပိုမိုများပြားလာ

 

ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်အနိုင်ရရှိသော်လည်း လီဗာပူးအသင်းတွင် ဂျိုတာနှင့် ကာတစ်ဂျုံးစ်တို့ ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရကစားသမား ပိုမိုများပြားလာ

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အဖြစ် ဘရန့်ဖို့ဒ်အသင်းနှင့် လီဗာပူးအသင်းတို့ကစားသည့်ပွဲစဉ်တွင် လီဗာပူး အသင်းက ဂိုးပြတ်အနိုင်ရရှိသော်လည်း အဓိကကစား သမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး ဂျိုတာနှင့်  ကွင်း လယ်ကစားသမား ကာတစ်ဂျုံးစ်တို့ ဒဏ်ရာအသီးသီး ရရှိပြီးနောက် ဒဏ်ရာရကစားသမား ပိုမိုများပြားလာ ကြောင်း သိရသည်။

လီဗာပူးအသင်းက ဘရန့်ဖို့ဒ်အသင်းကို နူနက်စ်၊ မက်အယ်လက်စတာ၊   ဆာလက်ချ်နှင့်  ဂက်ပိုတို့၏သွင်းဂိုးများနှင့် ၄ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော် လည်း ပွဲချိန် ၃၄ မိနစ်တွင်  ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် တံကောက်ကြောဒဏ်ရာကြောင့် လူစား လဲထွက်ခွာခဲ့ရသကဲ့သို့ ပွဲချိန် ၄၄ မိနစ်တွင်  အဓိကတိုက်စစ်မှူး   ဂျိုတာ  ဒူးဒဏ်ရာရရှိကာ  လူစားလဲ ထွက်ခွာခဲ့ရသောကြောင့်   လီဗာပူးအသင်းအတွက် ထိုးနှက်ချက်များ ဖြစ်လာဖွယ်ရှိနေသည်။

ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်မတိုင်မီက လီဗာပူးအသင်းတွင် အဓိကကစားသမားများဖြစ်သည့်  အာနိုးလ်၊ ဆူဇူဘော့ဆလိုင်၊  မာတစ်၊  သီယာဂိုအယ်ကန်တာရာ နှင့် ဂိုးသမားဘက်ကာတို့ ဒဏ်ရာကြောင့် အနားယူ နေရသကဲ့သို့    ယခုအခါတွင်လည်း   ကာတစ်ဂျုံးစ်နှင့်   ဂျိုတာတို့ပါ  ဒဏ်ရာအသီးသီးထပ်မံရရှိခဲ့ပြီး မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေး သည့်အတွက် ချယ်လ်ဆီးအသင်းနှင့် ကာရာဘောင်း ဖလားဗိုလ်လုပွဲအတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေသည်။

အဆိုပါပွဲစဉ်တွင်   လီဗာပူးအသင်းက  လူစားလဲ ကစားခဲ့သည့်  ဆာလက်ချ်နှင့် ဂက်ပိုတို့သည် ကိုယ် တိုင်တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သကဲ့သို့   ဂိုးဖန်တီးမှုတစ်ကြိမ်စီ  ပြုလုပ်နိုင်ခဲ့သည့်အတွက်  ၂၀၀၈ ခုနှစ်က အာဆင်နယ်အသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အာဆင်နယ်အသင်းမှ  အူဘာမီယန်း နှင့်   ရမ်ဆေးတို့နောက်ပိုင်း  လူစားဝင်ကစားခဲ့ပြီး ကိုယ်တိုင်တစ်ဂိုး သွင်းယူနိုင်သကဲ့သို့   ဂိုးဖန်တီးမှုတစ် ကြိမ်စီပြုလုပ်နိုင်သည့်    ဒုတိယမြောက်အတွဲအဖက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။  

Ref;Goal.com