ဟီဒန်ဟိန်းအသင်းကို အနိုင်ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း၏ ပြိုင်ပွဲစုံ  ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်းလိုက်မီ

 

ဟီဒန်ဟိန်းအသင်းကို အနိုင်ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း၏ ပြိုင်ပွဲစုံ  ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်းလိုက်မီ

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၂)အဖြစ် ကစားသည့် ဟီဒန်ဟိန်းအသင်းနှင့် လေဗာကူဆင်အသင်းတို့ပွဲစဉ်၌ လေဗာကူဆင်အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း၏ ပြိုင်ပွဲစုံ  ၃၂ ပွဲ ဆက်ရှုံးပွဲမရှိစံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည်   ယခုဘောလုံးရာသီ နည်းပြအလွန်ဆိုလက်အောက်တွင် ပုံစံကောင်းရရှိနေပြီး ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၌ ၂၂ ပွဲကစားပြီး ချိန်တွင် ၁၈ ပွဲအနိုင်ရရှိကာ  လေးပွဲသရေရလဒ်နှင့် ရှုံးပွဲမရှိ ရမှတ် ၅၈ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး ၌ ရပ်တည်လျက်ရှိသည်။

အလားတူ လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း အုပ်စုခြောက်ပွဲကစားခဲ့ရာ ခြောက်ပွဲ စလုံးအနိုင်ရရှိထား သကဲ့သို့ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင်လည်း  လေးပွဲကစားခဲ့ရာ လေးပွဲစလုံးအနိုင်ရရှိခဲ့ ပြီး ဆီမီးဖိုင်နယ်အဆင့်တက်ရောက်ထားသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြဟန်ဆီဖလစ် လက်ထက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ပြိုင်ပွဲစုံ   ၃၂ ပွဲဆက်ရှုံးပွဲ မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဂျာမန်ကလပ်အသင်းများ၌ ရှုံးပွဲမရှိကာလအကြာရှည် ဆုံးအသင်းအဖြစ်   စံချိန်တင်ထားခဲ့ခြင်းကို ယခုအခါ လေဗာကူဆင်အသင်းက        လိုက်မီနိုင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်တွင်ကစားမည့် မိန့်ဇ်အသင်းနှင့်  ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွင်  ရှုံးပွဲမရှိခဲ့ပါက ၃၃ ပွဲဆက်ရှုံးပွဲမရှိသည့်အသင်းအဖြစ် စံချိန်သစ်တင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref;B/R Football