မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ ၁၈

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၅ နာရီတွင်   မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ပေါင်းကူကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်လင်းဖြိုးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀  ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ (၆/၁၂)ရပ်ကွက်၊ နတ်မောက်ပန်းခြံလမ်းရှိ ဝင်းမင်းဟန်(ခ)ဝင်းမင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ကိုလည်းကောင်း၊  ယင်းနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာအနီးတွင် လုကာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။