မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး  Happy Water ၁၃ ဒသမ ၆  ကီလိုဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး  Happy Water ၁၃ ဒသမ ၆  ကီလိုဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၉

 

မန္တလေးတိုင်းဒေသကြီးတွင်  ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ       စိတ်ပြောင်း ဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ကျောက်ချောကျေးရွာအနီးတွင် လားရှိုး-မန္တလေးသွား  AD VAN ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ  ယာဉ်ပေါ်တွင်  လူမဲ့တန်ဆာ တင်ဆောင်လာသည့်စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင်  အဆိုပါစိတ်ပြောင်းဆေးဝါးများကို လားရှိုးမှ   မြစ်ကြီးနားသို့  သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်းအား မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် မြစ်ဖျားဧရာအဝေးပြေးကားဝင်းတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည် အား မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး  Happy Water ၂၁၀ ဂရမ်၊ LEXUS မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း  ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

စုစုပေါင်းဖမ်းဆီးရမိမှုမှာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး  ံစေစပ Happy Water ၆၈ ကီလိုဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ   သိမ်းဆည်းရမိ

စိတ်ပြောင်းဆေးဝါး Happy Water များကို ရှမ်းပြည်နယ်မှ မန္တလေး၊ ယင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့   လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။