မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၉      

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသော (President Cup)ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင် အဆင့်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ရန်ကုန်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ  မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်နာယက ဦးအောင်ကြည်၊       ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်ဂေါက်ကွင်း  အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က    အလှည့်ကျ ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး  ပထမနေ့၁၈  ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်(အမျိုးသား) ၁၄၇ ဦး၊ ဝါသနာရှင်အဆင့်(အမျိုးသမီး) ၂၄ ဦး၊ ဝါသနာရှင် အဆင့်သက်ကြီးတန်း(အသက် ၅၅)နှစ်နှင့်အထက်၂၆ ဦး စုစုပေါင်းအားကစားသမား ၁၉၇ ဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး   ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏   လက်ရည် အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ပြိုင်ပွဲကိုရန်ကုန်မြို့ရှိရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်အထိ  လေးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။     

လင်းခန့်