MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၄)ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၄)ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၀

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိသည့် MFF AYA Pay Futsal Leagueပြိုင်ပွဲ ပွဲစဉ်(၁၄)ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်ပြီး ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ကျင်းပခဲ့ကြောင်းသိရသည်။

MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၄)ပွဲစဉ်များအဖြစ် နံနက် ၈ နာရီတွင် Dream Team FC  အသင်းနှင့် Linn Latt FCအသင်းတို့ ယှဉ်ပြိုင်ကစား Dream   Team    FC  အသင်းက ၆ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် MIU FC အသင်းနှင့် Let  Wel  Thone Nara အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ MIU FC  အသင်းက ၉ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီခွဲ တွင် VUC FC အသင်းနှင့် Futsal Chit Thu အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ VUC FC အသင်းက  ၇ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ် တွင် Winner Soccer FC အသင်းနှင့် M2K FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ M2K FC  အသင်းက ၅ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ညနေ ၃နာရီတွင် Generations FC အသင်းနှင့် Futsal 19 FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Generations FC အသင်းက ၆ ဂိုး ၄ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

MFF AYA Pay Futsal League  ပြိုင်ပွဲ ပွဲစဉ်(၁၄)ပွဲစဉ်များ အပြီးတွင် VUC  FC အသင်းက ပွဲစဉ်အားလုံး ရာနှုန်းပြည့် နိုင်ပွဲရယူထားပြီး ရမှတ် ၄၂ မှတ်ဖြင့် အမှတ် ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက် ရှိနေကြောင်း သိရသည်။