မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

 

မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိန်မတ် မောင်းနှင်ပြီး အားဂျေ လိုက်ပါလာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား   ၆၀၀၀  ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့၊  တောင်ရပ်ကွက်၊  မြို့မဈေးအနီးတွင်  ဇော်မိုး မောင်းနှင်လာသည့်ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၂၀၀၀ ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။