မန်ယူအသင်းက ဂီတာဖေးအသင်းထံ အငှားစေလွှတ်ထားသည့် လူငယ်တောင်ပံကစားသမား ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ သတ်မှတ်

 

မန်ယူအသင်းက ဂီတာဖေးအသင်းထံ အငှားစေလွှတ်ထားသည့် လူငယ်တောင်ပံကစားသမား ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ သတ်မှတ်

မန်ယူအသင်းက ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက စပိန်ကလပ် ဂီတာဖေး အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ထားသည့် လူငယ်တောင်ပံကစားသမား ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အသက် ၂၂  နှစ်အရွယ် ဂရင်းဝုဒ်သည် ၎င်း၏နေအိမ်အကြမ်းဖက်မှုနှင့်   အမှုရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင်    ကစားခွင့်မရရှိသည့်အတွက် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက ဂီတာဖေးအသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့်  ပြောင်းရွှေ့ကစားခဲ့ရာ    အကောင်းဆုံးခြေစွမ်းပြနေသူဖြစ် သည်။

မန်ယူအသင်းသည်  အစောပိုင်းက  ဂရင်းဝုဒ်ကို အငှားစာချုပ်ပြည့်လျှင် အသင်းထံပြန်လည်ခေါ်ယူရန် ပြင်ဆင်ထားသော်လည်း  လက်ရှိ အသင်းပူးတွဲပိုင်ရှင် ရက်ကလစ်က အစီအစဉ်များကို ပြန်လည်ပြောင်းလဲ ခဲ့ပြီး ဂရင်းဝုဒ်ကို အပြီးသတ်ရောင်းချရန်အတွက်သာ ပြင်ဆင်နေခြင်းဖြစ်သည်။

ဂီတာဖေးအသင်းတွင်  အကောင်းဆုံးခြေစွမ်းပြ လျက်ရှိသည့် ဂရင်းဝုဒ်ကို ဂီတာဖေးအသင်းကလည်း ရာသီအကုန်တွင် အပြီးသတ်စာချုပ်ဖြင့်  ခေါ်ယူရန် ပြင်ဆင်နေသကဲ့သို့   ထိပ်တန်းအသင်းကြီးများဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့ကလည်း  ခေါ်ယူရန်စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။                 

   Ref;The Athletic