ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်အဖြစ် ရေပန်းစားမှုစာရင်းတွင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းနည်းပြဟောင်း ကွန်တီလည်း ပါဝင်နေ

 

ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်အဖြစ် ရေပန်းစားမှုစာရင်းတွင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းနည်းပြဟောင်း ကွန်တီလည်း ပါဝင်နေ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ်အဖြစ် ရေပန်း စားမှုစာရင်းတွင် ချယ်လ်ဆီးအသင်းနှင့်  စပါးအသင်း နည်းပြဟောင်း ကွန်တီလည်း ပါဝင်နေကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုဘောလုံးရာသီတွင်  နည်းပြတူချယ်လ်လက်အောက်၌   ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေပြီး ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် လေဗာကူဆင်အသင်းနှင့်  ဘိုချမ်အသင်းတို့ကို နှစ်ပွဲ ဆက်ရှုံးနိမ့်သကဲ့သို့   ချန်ပီယံလိဂ်ပြိုင်ပွဲ(၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင်လည်း လာဇီယို အသင်းကိုရှုံးနိမ့်ကာ နောက်ဆုံးကစားသည့် သုံးပွဲစလုံးရှုံးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည်။

ဘိုင်ယန်မြူးနစ်အသင်းက  ခန့်အပ်ရန်စီစဉ်နေသည့် နည်းပြစာရင်းတွင် နည်းပြကွန်တီအပြင် မန်ယူအသင်း နည်းပြဟောင်း  ဆိုးလ်ရှား၊ လက်ရှိလေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုနှင့်ရီးယဲလ်မက်ဒရစ် အသင်းနည်းပြဟောင်း ဇီဒန်းလည်း ပါဝင်နေသည်။

အသက်  ၅၃ နှစ်အရွယ်   နည်းပြကွန်တီသည် ဥရောပထိပ်တန်းကလပ်   အသင်းကြီးများဖြစ်သည့် ဂျူဗင်တပ်စ်အသင်း၊  အင်တာမီလန်အသင်း၊ ချယ်လ်ဆီးအသင်းနှင့်    စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ကာ  ၂၀၂၃ ခုနှစ် မတ်လက  စပါးအသင်းနှင့်လမ်းခွဲပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

အစောပိုင်းက နည်းပြကွန်တီကို ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက မြင့်မားသည့်လုပ်ခလစာ ဖြင့် ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း  နည်းပြကွန်တီ ကိုယ်တိုင်က  ဥရောပထိပ်တန်းကလပ်အသင်းတစ် သင်းကိုသာ  ကိုင်တွယ်လိုသည့်အတွက်   ငြင်းဆိုခဲ့ပြီး ရိုးမားအသင်း၊   နာပိုလီအသင်းတို့နှင့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းစိတ်ကြိုက်အသင်းမဟုတ်သည့်အတွက် မပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်   ကွန်တီကိုယ်တိုင်ကလည်း ဘိုင်ယန် မြူးနစ်အသင်းကို      တာဝန်ယူကိုင်တွယ်လိုသည့်အတွက်    ဆက်သွယ်မှု ပြုလုပ်ထားကြောင်း     သိရသည်။

Ref:Bild