နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ  ၂၁

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည်  တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ  ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community  Monitoring and Reporting System-CMRS)  အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင်ကျွန်း (၆၄ ဒသမ ၀၇၈၇)တန်၊ သစ်မာ (၁၂ ဒသမ ၅၇၈၄) တန်၊ အခြား(၅၁ ဒသမ ၁၈၅၈)တန်၊   စုစုပေါင်း   (၁၂၇ဒသမ ၈၄၂၉)  တန်၊   ယာဉ်/ယန္တရား ရှစ်စီး၊  တရားခံ ၂၂  ဦး   ဖမ်းဆီးရမိခဲ့ကြောင်း      သစ်တောဦးစီးဌာနမှ သိရသည်။