မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် တတိယနေ့ ဆက်လက်ကျင်းပ

မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် တတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

 မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာရှင်အဆင့်ပြိုင်ပွဲ၏တတိယနေ့ကိုရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲ၏ တတိယနေ့အပြီး ဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ဇော်ဇော်ထွန်းက သုံးရက်ပေါင်းရိုက်ချက် ၂၂၂ ချက်ဖြင့် ပထမ၊ ဟိန်းနိုင်ဇင်က သုံးရက်ပေါင်းရိုက်ချက် ၂၂၅ ချက်ဖြင့် ဒုတိယအဆင့်တို့တွင် လည်း ကောင်း၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲပထမနေ့အပြီးတွင် ပြုံးပြုံးထွေးက နှစ်ရက်ပေါင်းရိုက်ချက် ၁၅၉ ချက်ဖြင့် ပထမ၊ ချိုသာအောင်က နှစ်ရက်ပေါင်းရိုက်ချက် ၁၆၀ ချက်ဖြင့်ဒုတိယ၊  ခိုင်ဇင်အောင်က နှစ်ရက်ပေါင်းရိုက်ချက် ၁၆၆ ချက်ဖြင့် တတိယတို့တွင်လည်းကောင်း၊ သက်ကြီးတန်းဝါသနာရှင်အဆင့် (အသက် ၅၅ နှစ်နှင့် အထက်) ပြိုင်ပွဲတွင် ဦးဝင်းမြင့်ချင်းက ၇၈ ချက်ဖြင့် ပထမ၊ ဦးကြီးမြင့်နှင့် ဦးကိုကိုအေးတို့က ၇၉ ချက်စီဖြင့် ဒုတိယအသီးသီး ဦးဆောင်ကစားလျက်ရှိသည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ဖေဖော်ဝါရီလ၁၉ ရက်မှ ၂၂ ရက်အထိ  လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းခန့်