ဘာစီလိုနာအသင်းမှ ထွက်ခွာမည် ဆိုသည့်သတင်းများကို ကွင်းလယ်ကစားသမား ဒီဂျောင်းငြင်းဆိုပြီး အသင်းတွင် ကာလရှည်ကစားလိုကြောင်း ပြောကြား

 

ဘာစီလိုနာအသင်းမှ ထွက်ခွာမည် ဆိုသည့်သတင်းများကို ကွင်းလယ်ကစားသမား ဒီဂျောင်းငြင်းဆိုပြီး အသင်းတွင် ကာလရှည်ကစားလိုကြောင်း ပြောကြား

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်းက   ယခုဘောလုံးရာသီအကုန်တွင်    ဘာစီလိုနာ အသင်းမှ ထွက်ခွာမည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး   အသင်းတွင်   ကာလရှည်ကစားလိုကြောင်း ပြောကြားသည်။

အသက် ၂၆ နှစ်အရွယ် ဒီဂျောင်းသည် ၂၀၁၉ ခုနှစ်က အေဂျက်အသင်းမှ  ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဒီဂျောင်း အနေဖြင့် ဘာစီလိုနာအသင်း၌ မပျော်မရွှင်ဖြစ်နေ သည့်အတွက် လာမည့်နွေရာသီကစားသမားအပြောင်း အရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေပြီး  ဘာစီလိုနာအသင်းကလည်း  ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ရောင်းချဖွယ်ရှိသည်ဟု သတင်း များထွက်ပေါ်ခဲ့ခြင်းကို   ဒီဂျောင်းကငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက     ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ သတ်မှတ်ခဲ့သည် ဟု    သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်   ၎င်းကို ခေါ်ယူရန် စီစဉ်နေသည့် မန်ယူအသင်းနှင့် ချယ်လ် ဆီးအသင်းတို့က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ပေးချေရန် အသင့်ရှိနေသည့်အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အပြိုင်ခေါ် ယူရန်ကြိုးပမ်းလျက်ရှိသည်ဟု  သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော်  ဒီဂျောင်းက   နာပိုလီအသင်းနှင့် ပွဲစဉ်မတိုင်မီ အင်တာဗျူး အစီအစဉ်တစ်ခုတွင် အခုရက်ပိုင်း ကျွန်တော်နဲ့ပတ်သက်ပြီး   ထွက်ပေါ်နေတဲ့သတင်း တွေက သတင်းအမှားတွေပါ။ လုပ်ခလစာတွေကအစ အမှားတွေချည်းပါပဲ။ ကျွန်တော် အသင်းမှာကစားရတာ ပျော်ရွှင်ပါတယ်။  ဒီအသင်းက  ကျွန်တော် အိပ်မက်ခဲ့ရတဲ့ အသင်းတစ်သင်းဖြစ်လို့ အသင်းမှာ ကာလရှည်ဆက်ပြီး ကစားချင်ပါတယ်။အသင်းကနေ ထွက်ခွာဖို့အတွက် အစီအစဉ် မရှိပါဘူး။ အသင်းနဲ့ အတူဆက်လက်ရှိနေမှာပါဟု ပြောသည်။

Ref;The Athletic