မန်ယူအသင်းတောင်ပံခံစစ်ကစားသမား လုရှောခ် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် သုံးလခန့် အနားယူရမည်ဖြစ်၍ လက်ကျန်ပွဲစဉ် အားလုံးလွဲချော်ဖွယ်ရှိ

 

မန်ယူအသင်းတောင်ပံခံစစ်ကစားသမား လုရှောခ် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် သုံးလခန့် အနားယူရမည်ဖြစ်၍ လက်ကျန်ပွဲစဉ် အားလုံးလွဲချော်ဖွယ်ရှိ

မန်ယူအသင်း တောင်ပံခံစစ်ကစားသမား လုရှောခ်သည် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် သုံးလခန့် အနားယူရမည် ဖြစ်သည့်အတွက် ယခုဘောလုံးရာသီ  လက်ကျန်ပွဲစဉ်အားလုံး လွဲချော်ဖွယ်ရှိကြောင်း  သိရ သည်။

အသက် ၂၈ နှစ်အရွယ် လုရှောခ်သည် ဖေဖော်ဝါရီ လ ၁၉ ရက်က ကစားသည့် မန်ယူအသင်းက လူတန် အသင်းကို  ၂ ဂိုး - ၁ ဂိုးဖြင့်   အနိုင်ရရှိသည့်ပွဲစဉ်တွင် ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် အသေး စိတ်ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာတွင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် သုံးလခန့် အနားယူရမည်ဖြစ်သည့်အတွက်     ယခုဘောလုံးရာသီတွင်    အသင်းနှင့် လက်ကျန်ပွဲစဉ် အားလုံးကို လွဲချော်ရမည့် အရေးနှင့်ရင်ဆိုင်လာရခြင်း ဖြစ်သည်။

မန်ယူအသင်း၏     ဘယ်တောင်ပံခံစစ်နေရာ၌ လုရှောခ်အပြင်   နောက်ထပ်ခံစစ်ကစားသမားတစ်ဦး ဖြစ်သည့် မာလာစီယာလည်း ဒဏ်ရာကြောင့် ယခုဘောလုံးရာသီတစ်ရာသီလုံး    အနားယူနေရသော ကြောင့်  နည်းပြတန်ဟတ်အနေဖြင့်  ဘယ်တောင်ပံ ခံစစ်နေရာအတွက် ဗဟိုခံစစ်ကစားသမားတစ်ဦးဖြစ် သည့် လင်ဒီလော့ဖ်ကို အသုံးပြုနေရသည်။

လုရှောခ်သည်  ယခုဘောလုံးရာသီအစပိုင်းကလည်း ဒဏ်ရာကြောင့် တစ်လကျော်ကြာ အနားယူနေခဲ့ရပြီး ယခုအခါ ထပ်မံအနားယူရမည် ဖြစ်သောကြောင့် အသင်းတောင်ပံ ခံစစ်ပိုင်းအတွက်    ထိုးနှက်ချက်ဖြစ် လာခဲ့ကြောင်း သိရသည်။       

  Ref;Goal.com