ရုရှား၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက အသက် ၁  မှ ၆ဝ အတွင်းရှိသူများအတွက်သင့်တော်ဟုဆို

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံကဖော်စပ်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးသည် အသက် ၁၈ နှစ်မှ ၆ဝ အတွင်းရှိသူများ အတွက်  အသုံးပြုရန်သင့်တော်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏  ဆေးဝါးထုတ်ကုန်များ သိပ္ပံနည်းကျအကဲဖြတ်ရေးဌာနမှ တာဝန် ရှိသူ ဗလာဒီမာဘွန်ဒါရတ်က သြဂုတ် ၁၂ ရက်တွင်ပြောသည်။

ယခုကာကွယ်ဆေးစမ်းသပ်မှုကို အသက် ၁၈ နှစ်မှ ၆ဝ အထိပါဝင်သော စေတနာ့ဝန်ထမ်းများအဖွဲ့ဖြင့် လုပ်ဆောင် ခြင်းဖြစ်သောကြောင့် ထိုကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၆ဝ အတွင်းရှိသူများအနေဖြင့် စိတ်ချ စွာအသုံးပြု နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အသက်  ၆ဝ  ကျော်များအတွက်မူ  ဆေးဝါးစမ်းသပ် မှုများကိုထပ်မံ လုပ်ဆောင်ရန် လိုအပ်ပြီး ထိုစမ်းသပ်မှု များသည် မှတ်ပုံတင်ကာလနောက်ပိုင်းတွင်ပြီးစီးနိုင်ကြောင်း  ဗလာဒီမာဘွန်ဒါရတ်ကပြောသည်။

SputnikV  ဟုအမည်ပေးထားသော ထိုကာကွယ်ဆေးသည်ကမ္ဘာ့ပထမဆုံးသော နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး အဖြစ်  ယခုသီတင်းပတ် အစောပိုင်းတွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး မကြာမီ ဆေးပမာဏ အများ အပြားကို  ထုတ်လုပ် တော့မည်ဖြစ်သည်။

ထို့ပြင် အဆိုပါကာကွယ်ဆေးသည် လိုအပ်သောစစ်ဆေးမှုများအားလုံးကို အောင်မြင်စွာလုပ် ဆောင်ထား နိုင်ကြောင်းနှင့် ၎င်း၏ သမီးတစ်ဦးကိုပင် ထိုကာကွယ် ဆေးထိုးပေးပြီးဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောသည်။