သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၃

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို ကြသည်။

   ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

      ထို့နောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယခု ကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော် ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူး တင် စကားများပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော် နိုင်ခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ က အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

    ဆက်လက်၍ ဘုရားဖူး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

    ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်း စကားသံ များအား ယခုလို ကြားသိခဲ့ရပါတယ် -

“မြို့နယ်ကနေစီစဉ်ပေးလို. ရောက်လာတာပါ  ရှင်းလင်းဆောင်မှာ ရှင်းပြတဲ့အတွက် ဘုရားကြီးကို စပြီးစကျင်ကျောက်တွေ တူးဖေါ်စဉ်ကစပြီးတော့ နော် အခုရုပ်ပွါးတော် အန်တီတို့ဖူးမြော်ရသည်အထိ တွေ့မြင်ရတဲ့အတွက်  ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်ကွယ်။ ဘုရားဆင်းထုတော် နှင့်အဆောက်အဦးတွေ အားလုံးကိုလည်း တွေ့မြင်ဖူးမြော်ရတဲ့အတွက် အရမ်းကိုဝမ်းသာပီတိဖြစ်တယ် ဒီလိုမျိုးဖူးမြော်ခွင့်ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ်။

“ပဲခူးတိုင်းအနောက်ခြမ်း  မိုးညိုမြို့နယ် ကနေပြီးတော့ ပညာရေးဝန်ထမ်းဒေါ်ခင်ဌေးရီဖြစ်ပါတယ် အခုလိုမျိုးလာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ကျောက်စာမှာလည်းဘဲ ရိုမန်နှင့်ပါဋိ လိုနှစ်ဘာသာနဲ့ဖေါ်ပြထားတဲ့အတွက် တစ်ခါမှမမြင်ဖူးတဲ့အတွက် အထူးဘဲဝမ်းသာပါတယ် မုစလီန္ဒာရေကန်အိုင်ကြီးကိုလည်း သွားပြီးတော့ကြည့်ရတဲ့အတွက် စိတ်ကြည်နူးမှုရရှိပါတယ် မာရဝိဇယဘုရားကြီးကိုဖူး မြော်ရ တဲ့ အ တွက် အထူးဝမ်းသာဂုဏ်ယူမိပါတယ် ဒီဘုရားကြီးကိုလာရောက်ဖူးမြော်ဖို့အတွက်အစစအရာရာစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူအားလုံးကိုလည်းအထူးဘဲကျေးဇူးတင်ရှိပါတယ်။”