ကျိုက်ထိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

ကျိုက်ထိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၃

 

ဖေဖော်ဝါရီလ ၂၁ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ အနီးတွင်  ရန်ကုန်-ကော့သောင်းသွား ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး‌ရှာဖွေရာ  ယာဉ်ပေါ်ပါခရီးသည် မမော်မော်သန်း(ခ)အငယ်လေး၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား  သိမ်းဆည်းရမိခဲ့သဖြင့် မမော်မော်သန်း(ခ)အငယ်လေး ၄၃ နှစ်အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း   သတင်းရရှိသည်။