တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှတရား ဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ်(၁၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့် Yutong Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၁၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အရှေ့ဒဂုံမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဆဒုံဒူးဝါးလမ်း၊ အမှတ်(၉၁၇)၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ဃ့ငလျေ ဝီစကီ(၅၉)လုံး၊ LEO Beer (၁၀၀၈)ဘူး အပါအဝင်ပစ္စည်း (၅၇)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၈၄၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်  DP ခြင်ရိုက်ဘက်တံ (၄၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၅၆၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ထုံးဘိုတိုးဂိတ်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Electric Chandellier မျက်နှာကြက်မီးဆိုင်း (၂၁၃)ကီလိုဂရမ်နှင့် Ko Moe LED မီးအိမ်အလုံး(၁၇၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၈၆၅၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၈၆၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပုသိမ်မြို့နယ်၊ ဂျိတ်လက် ကျေးရွာနှင့် ဘောမိကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီဒီဇယ်ဆီ(၂၀၃၈)ဂါလန်၊ ဓာတ်ဆီ(၂၈၇)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၄၄၂၄၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌  တရားမဝင်  အခြားသစ်(၃ ဒသမ ၃၃၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၂၈၇)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၁၈၅၂၇)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဖေဖော်ဝါရီလ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင်အခြားသစ်(၅ ဒသမ ၄၅၇)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၂၈၉၀၀)ကိုလည်းကောင်း၊    အောင်လံခရိုင် အောင်လံမြို့နယ်၌ တရားမဝင်ကျွန်းသစ်(၃ ဒသမ ၅၄၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅၉၉၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၂၇၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၁ ဒသမ ၁၅၈)တန်၊ သစ်မာ (သုည ဒသမ ၀၉၆)တန်နှင့်  အခြားသစ် (၁ ဒသမ ၃၆၆)တန်   စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၆၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၀၁၆၆၀၉၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။