မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း (တပင်ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်းကြားရှိ ကျော်စွာဝင်း နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ကျော်စွာဝင်း၊ အေးချမ်းသူနှင့် မျိုးမင်းသိန်းတို့ သုံးဦးအား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်မှ ဘိန်းဖြူ ၈ ဒသမ ၂၅ ကီလိုကိုလည်းကောင်း။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ၁နာရီတွင် ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက်၊၂၃ လမ်း၊  ၈၈ x ၈၉ လမ်းကြားရှိ ဟိုတယ်တွင် တည်းခိုနေသည့် ချမ်းညိမ်းဖြိုး ၏ အခန်းကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၇၅၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။                          

 (သတင်းစဉ်)