တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Meiji နို့ခဲ(၂၁၉)ဘူး၊ Skinvape ခြင်မကိုက်ဆေးရည်ဘူး (၁၉၈၀)၊ Granite Tile (၂၈၇)စတုရန်းမီတာ၊ တရုတ်နိုင်ငံထုတ် Evaporative Condenser (၂)လုံးနှင့် Compressor (၂)လုံး၊ Travelling Cable Rope (၃၃၃)ကီလိုဂရမ်၊ Reversing Chain ဂီယာဘောက်ချိန်း (၂၆)ခု၊ Lycortin-S အကိုက်အခဲပျောက်ထိုးဆေးပုလင်း (၁၀၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၁၇၁၉၂၆) ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင်  မြန်မာ့စက်မှု ဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Cooling Tower and Pump (၆)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၉၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၃၆၁၉၂၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅၈/၁)နှင့် (၃၆၆/ဝ)၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် 3 trees ပတ်တီးဆေးပုံး (၈၁)ပုံး၊ ထိုင်းနိုင်ငံထုတ် ဆန်ကြာဆံ ကီလိုဂရမ် (၆၂၀)၊ ထိုင်းနိုင်ငံထုတ်လေဖောင်းမုန့် ကီလိုဂရမ် (၃၁၀)၊ Simplus Air Fryer Oven မီးဖိုခု (၂၀)၊ ကားအပိုပစ္စည်း Exedy Car Cluth Disc (၁၀)ခု၊ Kaniva ခွေးစာ (၂၆၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၄၈၃၅၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Yutong Bus (၁)စီး၊ Ankai Bus (၁)စီးနှင့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၂၄၈၃၅၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၇၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၁၂၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၃၇၀၆၆၂၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှသိရသည်။        

(သတင်းစဉ်)