တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၏အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉ တန် ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၏အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉  တန် ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄

တပ်မတော်(ရေ)မှ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိ စက်လှေအား သတင်းအရရှာဖွေရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့်  ရဲကျော်သူ(ခ)ကိုရဲတို့ လေးဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ  သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍  မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု  ကျူးလွန်သူများအား ဆက်လက်   စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(သတင်းစဉ်)