အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့်ပိတ်ပင် ကန့်သတ်ထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့်ပိတ်ပင် ကန့်သတ်ထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅

        အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့်ပိတ်ပင် ကန့်သတ်ထားကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေ နေသည်ကိုတွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား ရခိုင်လူငယ်များအား ရန်ကုန်မှ ရခိုင်သို့ လေယာဉ်ဖြင့် သွားလာခွင့်ပိတ်ပင် ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် ကောလာဟလသတင်းအမှားများသာဖြစ်ကြောင်း သိရှိရသည်။ တရားမဝင်ပြည်ဖျက် မီဒီယာများ၏ သတင်းတု၊ သတင်းအမှားများသည် ပြည်သူများကို ကြောက်ရွံ့ထိတ်လန့် လာစေပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံဆော်ဝါဒ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။