(၂၇)ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည် အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

 

(၂၇)ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည် အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

(၂၇)ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် သီရိမင်္ဂလာလမ်းရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ၊ မြို့တော်ဂေါက်ကွင်းအသင်းသား ဂေါက်သီးရိုက် အားကစားသမားများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ယှဉ်ပြိုင် ကစားကြသည်။

အစီအစဉ်အရ နံနက် ၆ နာရီခွဲတွင် (၂၇)ကြိမ်မြောက် မြို့တော်ဂေါက်ကွင်း နှစ်ပတ်လည်အသင်းသားများ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ  ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေး၊  မြို့တော်ဝန်(အငြိမ်းစား) ဦးအောင်သိန်းလင်း၊  မြို့တော်ဝန် (အငြိမ်းစား)ဦးလှမြင့်နှင့်  မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးတို့က Smoke Ball ရိုက်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက မြို့တော်ဂေါက်ကွင်းအတွင်း ဂေါက်သီးရိုက် ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးပြီး အားကစားသမားများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။