အယ်အီတီဟက်အသင်း၌ ပျော်ရွှင်နေသည့်အတွက် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း တိုက်စစ်မှူး ဘင်ဇီမာပြော

 

အယ်အီတီဟက်အသင်း၌ ပျော်ရွှင်နေသည့်အတွက် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း တိုက်စစ်မှူး ဘင်ဇီမာပြော

အယ်အီတီဟက်အသင်း တိုက်စစ်မှူးဘင်ဇီမာက  အသင်း၌ပျော်ရွှင်နေသည့်အတွက်      အသင်းမှထွက်ခွာရန် အစီအစဉ်မရှိကြောင်း ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

အသက်  ၃၆  နှစ်အရွယ်  ဘင်ဇီမာသည် ပြီးခဲ့သည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက   ရီးယဲလ်မက်ဒရစ်အသင်းမှ   အယ်အီတီဟက်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး    အသင်းနှင့်    အစောပိုင်းက အကောင်းဆုံး ခြေစွမ်းပြနိုင်သော်လည်း ဆော်ဒီနိုင်ငံ၏ ပတ်ဝန်းကျင် အခြေအနေများကြောင့်  မပျော်မရွှင်ဖြစ်နေသည့်အတွက်  အသင်းမှထွက်ခွာရန် ပြင်ဆင်လျက် ရှိသည်ဟု    သတင်းများထွက်ပေါ်ပြီးနောက်  အသင်းနှင့် အနာဂတ်မရေမရာဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဘင်ဇီမာသည်   အယ်အီတီဟက်အသင်းမှ ထွက်ခွာလိုသောကြောင့်     အသင်းနှင့်လေ့ကျင့်ရေး အစီအစဉ်များတွင် ပူးပေါင်းခြင်း မရှိသည့်အတွက် နည်းပြဂယ်လာဒိုနှင့်  ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလကလည်း  အသင်းမှထွက်ခွာခွင့်တောင်းဆိုပြီး ဥရောပလိဂ်များမှ ကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဘင်ဇီမာက ကျွန်တော် အကောင်းဆုံး ပုံစံနဲ့ပြန်လာပါပြီ။  အခုခံစားချက်တွေ အရမ်းကောင်းပါတယ်။  ကျွန်တော်   အသင်းကထွက်မယ်ဆိုတဲ့သတင်းတွေက မှန်ကန်မှုမရှိပါဘူး။ ကျွန်တော် ဆော်ဒီအာရေဗျမှာ    ပျော်ရွှင်နေပါတယ်။    နည်းပြနဲ့ ကျွန်တော့်ကြားမှာလည်း   ဘာပြဿနာမှမရှိပါဘူး။

ကျွန်တော် အသင်းကနေထွက်ခွာဖို့  အစီအစဉ်မရှိပါဘူးဟု ပြောသည်။

ဘင်ဇီမာသည်      ယခုဘောလုံးရာသီတွင် အယ်အီတီဟက်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင် ကစား ထားပြီး ၁၅ ဂိုးအထိ သွင်းယူခဲ့ကြောင်း သိရသည်။                        

  Ref;The Athletic