မန်ယူအသင်းသမိုင်းတစ်လျှောက် ၂၀၀၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၅ နှစ်အတွင်း ဖူလ်ဟမ်အသင်းကို ပထမဆုံးအကြိမ်ရှုံးနိမ့်

 

မန်ယူအသင်းသမိုင်းတစ်လျှောက် ၂၀၀၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၅ နှစ်အတွင်း ဖူလ်ဟမ်အသင်းကို ပထမဆုံးအကြိမ်ရှုံးနိမ့်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ်    ကစားသည့် မန်ယူအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ပွဲစဉ်တွင် မန်ယူ အသင်းအနေဖြင့်  အိမ်ကွင်း၌ ရှုံးပွဲတွေ့ကြုံပြီးနောက်  အသင်းသမိုင်းတစ်လျှောက်  ၂၀၀၉  ခုနှစ်နောက်ပိုင်း နှစ်ပေါင်း  ၁၅  နှစ်အတွင်း   ဖူလ်ဟမ်အသင်းကို  ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌   ပွဲချိန် ၆၅ မိနစ်တွင်   ဘက်ဆီက ဖူလ်ဟမ်အသင်းအတွက်  ဦးဆောင်ဂိုးသွင်းယူနိုင်ပြီး ပွဲချိန် ၈၉ မိနစ်တွင်  မက်ဂွိုင်ယာက  မန်ယူအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၉၇ မိနစ်တွင် အီဝိုဘီက ဖူလ်ဟမ်အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် မန်ယူအသင်း က ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဖူလ်ဟမ်အသင်းကို နောက်ဆုံး အကြိမ်ရှုံးနိမ့်သည့် ပွဲစဉ်အဖြစ်    ၂၀၀၉   ခုနှစ်က အဝေးကွင်းတွင် ၂ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း     ဖူလ်ဟမ်အသင်းနှင့် ကစားသည့် ပွဲစဉ်များတွင် ရှုံးနိမ့်ခြင်း မရှိဘဲ  ယခုမှသာ  ၁၅  နှစ်အတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်ပြီး   ယခုနှစ်အတွင်း ပထမဆုံးရှုံးပွဲ တွေ့ကြုံခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) ကစားပြီးချိန်တွင် ရမှတ်  ၄၄  မှတ်ဖြင့်  အမှတ်ပေးဇယားအဆင့်(၆)နေရာ၌ ရပ်တည်နေပြီး အဆင့်(၄)နေရာမှ အက်စ်တွန်ဗီလာအသင်းနှင့်    ရမှတ်ရှစ်မှတ်ကွာဟနေကြောင်း သိရသည်။                      

   Ref;Fotmob