တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးပေး

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးပေး

ရန်ကုန်၊ ကျေးလက်ဖွံ့ဖြိုးရေး

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရင်းတိုက်ကွင်း ကျေးရွာအုပ်စု ဒိုက်ကံကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်း ကို ဖေဖော်ဝါရီလ ၂၂ ရက်က ဆောင်ရွက်သည်။

ရှေးဦးစွာ တိုက်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဒိုက်ကံကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူများ၊ ကျေးရွာ ကော်မတီဝင်များ နှင့်တွေ့ဆုံကာ စီမံကိန်းအကြောင်းအရာများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ပြောကြား သည်။

ထို့နောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းကာလ သတ်မှတ်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်း မျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များကိုပြော ကြားကာ မြို့နယ် ဦးစီးမှူးက ဒိုက်ကံကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဝင်များထံ လည်ပတ်ရန်ပုံငွေ ငွေကျပ် ၃၇၂ သိန်း လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီဝင်များက ဒိုက်ကံကျေးရွာရှိ အသင်းသား၊ အသင်းသူ စုစုပေါင်း ၉၉ ဦးအတွက် လည်ပတ် ရန်ပုံငွေ  ငွေကျပ် ၃၇၂ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့