၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 6 Red  Snooker Single Men ပြိုင်ပွဲ၊  Billiards Single Men ပြိုင်ပွဲ၊ 9 Ball Pool (Men/Women) ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့သည်။

  အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ  တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။၂၀၂၄  ခုနှစ်  ဖေဖော်ဝါရီလ  ၂၆ ရက်(ယနေ့)တွင်၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲပွဲစဉ်များ အဖြစ် 15 Red  Snooker ပြိုင်ပွဲ၊ 9 Ball Women S ပြိုင်ပွဲ၊ 9 Ball Men S ပြိုင်ပွဲ၊ Billiards Double ပြိုင်ပွဲ  ပွဲစဉ်များကို ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု  အားပေးနိုင်ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)