ဆော်ဒီထိပ်တန်း ကလပ်အသင်းများက ခေါ်ယူရန်စီစဉ်နေသည့် ဒီဘရိုင်းအတွက် ပြောင်းရွှေ့ကြေးကို မန်စီးတီးအသင်းက စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ဆော်ဒီထိပ်တန်း ကလပ်အသင်းများက ခေါ်ယူရန်စီစဉ်နေသည့် ဒီဘရိုင်းအတွက် ပြောင်းရွှေ့ကြေးကို မန်စီးတီးအသင်းက စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက လာမည့်နွေရာသီကစားသမား  အပြောင်းအရွှေ့ကာလတွင် အပြိုင်ခေါ်ယူရန် စီစဉ်နေသည့် ကွင်းလယ်ကစားသမား ဒီဘရိုင်းအတွက် မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေး ကို စတာလင်ပေါင်  သန်း  ၁၀၀  သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဆော်ဒီထိပ်တန်းကလပ် အသင်းကြီးများက  ပြီးခဲ့သည့်  နွေရာသီကစားသမားအပြောင်းအရွှေ့ကာလက   ပရီးမီးယားလိဂ်မှ   ထိပ်တန်းကစားသမားများ ဖြစ်သည့် မာရက်ဇ်၊  ဖာဘင်ဟို၊   ဖာမီနို၊  ကန်တီ အစရှိသည့်   ကစားသမားများကို   ခေါ်ယူခဲ့သကဲ့သို့ လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလ တွင်လည်း ပရီးမီးယားလိဂ်မှ ထိပ်တန်းကစားသမားများကို မြင့်မားသည့်လုပ်ခလစာများဖြင့် ခေါ်ယူရန် ပြင်ဆင်လျက် ရှိသည်။

လာမည့်  နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဆော်ဒီထိပ်တန်း ကလပ်အသင်းကြီးများက ပရီးမီးယားလိဂ်မှ ထိပ်တန်းကစားသမားများဖြစ်သည့် မန်ယူအသင်းမှ ကက်စ်မဲရိုးနှင့်ဗာရန်း၊ လီဗာပူးအသင်းမှ ဆာလက်ချ်၊ စပါးအသင်းမှ ဆွန်ယောင်မင် တို့အပြင် မန်စီးတီးအသင်းမှဒီဘရိုင်းကိုပါ‌ ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်  ဒီဘရိုင်းသည် လက်ရှိတွင် မန်စီးတီးအသင်း၏ အဓိကကွင်းလယ်ကစား သမားတစ်ဦးအဖြစ် ခြေစွမ်းပြလျက်ရှိနေကာ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအထိကျန်ရှိနေသေး သော်လည်း အသက်အရွယ်အပိုင်းအခြားနှင့် မကြာခဏဒဏ်ရာ ရရှိနေမှုများကြောင့် မန်စီးတီးအသင်း က မြင့်မားသည့် ပြောင်းရွှေ့ကြေးရရှိပါက ဒီဘရိုင်း ကို ရောင်းချဖွယ်ရှိနေခြင်းဖြစ်သည်။

မန်စီးတီးအသင်းက ဒီဘရိုင်းနေရာ၌ အစားထိုးရန် လက်ရှိအချိန်ကတည်းက ကစားသမားတစ်ဦး ရှာဖွေမှုများ ပြုလုပ်ထားပြီး လေဗာကူဆင်အသင်းနှင့်    ခြေစွမ်းပြလျက်ရှိနေသည့်   လူငယ်ကွင်းလယ်ကစားသမား    ဖလော်ရီယန်ဝက်ဇ်နှင့် အစားထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

Ref;ONE Football