ချယ်လ်ဆီးအသင်းကို အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီး လီဗာပူးအသင်း ကာရာဘောင်းဖလား ချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ဆွတ်ခူးရရှိ

 

ချယ်လ်ဆီးအသင်းကို အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီး လီဗာပူးအသင်း ကာရာဘောင်းဖလား ချန်ပီယံဆုကို ၁၀ ကြိမ်မြောက် ဆွတ်ခူးရရှိ

ကာရာဘောင်းဖလားပြိုင်ပွဲ      ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနှင့်   ချယ်လ်ဆီးအသင်းတို့   ယှဉ်ပြိုင် ကစားသည့်ပွဲတွင်   လီဗာပူးအသင်းက   ဗန်ဒိုက်၏ အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက်    ၁၀   ကြိမ် မြောက်  ချန်ပီယံဆုဖလားကို   ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲ၌ ပွဲချိန် မိနစ် ၉၀ အတွင်း နှစ်သင်း စလုံး   တစ်ဂိုးစီသွင်းယူနိုင်ခဲ့ကြသော်လည်း VAR စနစ်ဖြင့် ကွင်းလယ်ဒိုင်လူကြီးက ပယ်ဖျက်ခဲ့သည့်အတွက်  ကိုယ်စီနစ်နာခဲ့ရပြီး  ပွဲချိန်  မိနစ် ၉၀ အထိ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သောကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရခြင်းဖြစ်သည်။

အချိန်ပို မိနစ် ၃၀ တွင် နှစ်သင်းစလုံးဂိုးသွင်းခွင့်များ  ကိုယ်စီရရှိခဲ့ကြသော်လည်း  နှစ်ဖက်အသင်းဂိုး သမားများ အကောင်းဆုံးလက်စွမ်းပြကာကွယ်မှုများ ကြောင့် ဂိုးရရှိရန် ခက်ခဲခဲ့ကြသော်လည်း ပွဲချိန် ၁၁၈  မိနစ်တွင်  လီဗာပူးအသင်းကစားသမား   ဗန်ဒိုက်က ခေါင်းတိုက်ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူ ပေးနိုင် ခဲ့သည့်အတွက်   ပွဲပြီးဆုံးချိန်တွင်  လီဗာပူး အသင်းက ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ချန်ပီယံဆု ဖလားကို  ၁၀ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးအသင်းသည် ကာရာဘောင်းဖလားပြိုင်ပွဲ တွင် ၁၉၈၀-၁၉၈၁၊ ၁၉၈၁-၁၉၈၂၊ ၁၉၈၂-၁၉၈၃၊ ၁၉၈၃-၁၉၈၄၊၁၉၉၄-၁၉၉၅၊ ၂၀၀၀-၂၀၀၁၊၂၀၀၂-၂၀၀၃၊ ၂၀၁၁-၂၀၁၂၊၂၀၂၁-၂၀၂၂နှင့် ယခု ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတို့တွင် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။                 

Ref;Fotmob