ဖြူးမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

ဖြူးမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ  ၁ နာရီ ၁၅ မိနစ်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊  မြို့မ(၄)ရပ်ကွက်၊  ဘူတာပိုင်းနေ မအိအိချော၏  နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ဖေဖော်ဝါရီလ၂၄ ရက်မွန်းလွဲ ၂ နာရီခွဲတွင်  နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ မကျီးရေကျေးရွာအနီးတွင် သတင်းအရ ဇော်သူရ မောင်းနှင်လာသည့်   TOYOTA  LAND  CRUISER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။