ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃၉၀၀ ကျော်တန်ဖိုးရှိ  အိုက်စ် (မက်သ်အဖက်တမင်း) ၄၉ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၃ ရက် ည ၇ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအနီးတွင်   မိုင်းဆတ်မှတာချီလိတ်သို့ စိုင်းချစ်ဦးဝေမောင်းနှင်ပြီး စိုင်းညွန့်ရွှေ လိုက်ပါလာသည့်  ISUZU အမျိုးအစား Box Truck မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၉၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး     ယင်းနေ့ ည ၇ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းခမ်းလှ၊ စိုင်းပီးနှင့် စိုင်းစံထွန်း(ခ)စိုင်းထွန်း(ခ)    နောင့်ထွန်းတို့အား ဃျွဥွျှြ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ စစ်ဆေးခဲ့ရာ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာရှိ ဖမ်းမိတရားခံ စိုင်းစံထွန်း(ခ)စိုင်းထွန်း(ခ)နောင့်ထွန်း၏ နေအိမ်မှ အိုက်စ်  (မက်သ်အဖက်တမင်း) ၆၀ ဂရမ်   ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်(တောင်ပိုင်း)   ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်သို့  သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။