တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ ခဲသတ္တုများ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၆

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် AHH Napkins Pads အမျိုးသမီး လစဉ်သုံး ပစ္စည်း ကီလိုဂရမ် ၁၆၀၇ ၊ JFRESH LED Panel Light မီးသီးလုံး (၅၀၀၀) အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၇၀၁၂၈)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန် သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Durasol Solar Inverter (၅၄)လုံး၊ Golden Life And S-Life Carpet ကော်ဇော (၁၀၀၀၀)စတုရန်းမီတာ၊ 5 Ton Double Rail Hoistကရိန်း (၂)ခု အပအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၈၆၀၀၀၀)ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆေးဝါးများဖြစ်သည့် Conozole  အရေပြားလိမ်းဆေး (၁၄၆)ဘူးနှင့် Hexicord TS ချက်ကြိုးအနာသက်သာဆေး (၆၀၅၂)ဘူးအပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၄၆၄၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၇၃၄၇၆၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း မြို့နယ် ကရသူရိမြို့၌ တရားမဝင်ခဲသတ္တု(အရိုင်း) (၁၆၃)ကီလိုဂရမ်၊ ချန်ချိုင်းအမျိုးအစား ၂ လုံးထိုးအင်ဂျင် (၁၂)လုံး အပါအဝင် ဆက်စပ်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၄၅၀၀၀၀)ကို မြန်မာ့ သတ္တုတွင်း ဥပဒေအရ လည်းကောင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ၊ စမုံဂလက်ရေပြင်၌ တရားမဝင်အခြားသစ် (၇ ဒသမ ၁၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၆၆၄၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် သစ်သားစက်လှေ(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၅၀၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ Honda Wave 100 မော်တော်ဆိုင်ကယ်(၁)စီး၊ Scoopy    မော်တော်ဆိုင်ကယ်(၁)စီး၊ TACT Honda မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်    ၃၈၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၄၇၆၆၄၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းကင်း-ကြေးတောင်ဦး သွားကားလမ်းအနီး၌ လိုင်စင်မဲ့ KENBO 125 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၅၈/၁)၊ (၃၆၉/၃)နှင့် (၃၇၂/၂)တို့၌ မော်တော်ယာဉ်(၅)စီးပေါ်မှတရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  Bella သနပ်ခါးနှင့်ရှားစောင်းလက်ပပ်ဂျယ်ဘူး(၄၈၀)၊ Cloth Printing Mechine (၂)ခု၊ Bee Sodium Cyclamate (၁၂၀၀)ကီလိုဂရမ်၊ Itel Phoneလုံး (၁၉၀)၊ Lebelage Ceramide Dera Ampoule အရေပြားအားဖြည့်ဆေးရည်(၁၀၈)ကီလိုဂရမ်၊ တရုတ်နိုင်ငံထုတ် Spring စပရိန် ကီလိုဂရမ် (၅၅၀၀)  KESITU Solar Camping Light မီးသီး(၅၈၀)လုံး၊ Head Lamp ခေါင်းစွပ်ဓာတ်မီး(ကြိုးပါ) (၂၅၇၅)ကီလိုဂရမ်၊ ဆိုင်ကယ်အပိုပစ္စည်း GGG Spark Plug ခု (၄၀၀၀) အပါအဝင် ကုန်ပစ္စည်း(၇၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၅၉၂၇၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Mitsubishi Truck (၂)စီးနှင့် Kaung Myat Sann Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၀၀၀၀၀၀)၊ စုစုပေါင်း      (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆၅၉၂၇၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုညဒသမ ၈၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၉၇၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၄၆၂၃၈၂၀)ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။