Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

 

Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၇

Naypyitaw  State  Academy အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမျိုးသား၊ အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲကို Naypyitaw State Academy အားကစားခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာန များမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးသည်။

ပြိုင်ပွဲမစတင်မီ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲများကို စတင်ကျင်းပရာ အမျိုးသားပွဲစဉ် ၂၂ ပွဲနှင့် အမျိုးသမီးပွဲစဉ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားကြသည်။

မွန်းလွဲပိုင်းတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပရာ အမျိုးသားပွဲစဉ်တွင် ဆုရရှိသူများကို ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ဆုရရှိသူများကို  ဒုတိယပါမောက္ခချုပ်(သင်တန်း)  ဒေါက်တာစိုးစိုးအောင်က လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အားကစားနည်းပြနှင့် ဒိုင်များကို  ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း  သိရသည်။