ခွန်ခမာခါးပတ်လုပွဲ ကမ္ဘောဒီးယား လက်ရှိချန်ပီယံ ပရွန်းဆမ်နမ်းနှင့် ထွန်းထွန်းမင်း  ယှဉ်ပြိုင်ထိုး သတ်မည်

 

ခွန်ခမာခါးပတ်လုပွဲ ကမ္ဘောဒီးယား လက်ရှိချန်ပီယံ ပရွန်းဆမ်နမ်းနှင့် ထွန်းထွန်းမင်း  ယှဉ်ပြိုင်ထိုး သတ်မည်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

    ခွန်ခမာခါးပတ်လုပွဲကို     ဖေဖော်ဝါရီလ  ၂၉  ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ခွန်ခမာရိုးရာ လက်အိတ်စည်းမျဉ်းများ အတိုင်း ခေါင်တွဲဆိုင်းအဖြစ်   ထွန်းထွန်းမင်းနှင့် ပရွန်းဆမ်နမ်းတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရွန်းဆမ်နမ်းနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော်  ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်းတို့သည် ပြီးခဲ့သည့်ဆီးဂိမ်းတွင် တွေ့ဆုံခဲ့ဖူးပြီး ယင်းပြိုင်ပွဲတွင် ထွန်းထွန်းမင်း အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် ဖေဖော်ဝါရီလ၂၉ ရက်နေ့ပွဲသည် မကျေပွဲဆင်နွှဲမည့် ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာမည်ဖြစ်သည်။

ပြီးခဲ့သည့်ဆီးဂိမ်းပွဲတွင် ထွန်းထွန်းမင်း အမှတ်နှင့်ရှုံးနိမ့်ခဲ့ရသည့်အတွက် မြန်မာလက်ဝှေ့ပရိသတ်တို့    အားမလိုအားမရ  ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရသည်။ ယခုပွဲသည် ခေါင်တွဲဆိုင်းဖြစ်သည်နှင့်အညီ ပြိုင်ဆိုင်မှုပြင်းထန်ပြီး     ပရိသတ်အကြိုက်ဖြစ်မည့် တွဲဆိုင်းတစ်ဆိုင်း ဖြစ်မည်ဆိုသော်လည်း မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းအနေဖြင့် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ပရိသတ်များက မျှော်လင့်နေကြသည်။

ကမ္ဘောဒီးယားချန်ပီယံ ပရွန်းဆမ်နမ်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျင်းပသည့်    မြန်မာ့လက်ဝှေ့ကျော် ရွှေရာမာန်နှင့် ထိုးသတ်သည့်ပွဲစဉ်တွင်  ရွှေရာမာန်အား အနိုင်ရယူထားသည်။

၎င်းအပြင် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေ့ဗ်နှင့်လည်း ထိုးသတ်ခဲ့ဖူးပြီး ပူးတွဲသရေရလဒ် ထွက်ပေါ်ထားကြောင်း သိရသည်။