MFF AYA Pay Futsal League  ပြိုင်ပွဲ ပွဲစဉ်(၁၆)ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစား

 

MFF AYA Pay Futsal League  ပြိုင်ပွဲ ပွဲစဉ်(၁၆)ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစား

 

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိသည့် MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၆)ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှ စတင်ပြီး ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပခဲ့ကြောင်း သိရသည်။

MFF AYA Pay Futsal League ပြိုင်ပွဲ ပွဲစဉ်(၁၆)ပွဲစဉ်များအဖြစ်   နံနက် ၈ နာရီတွင် VUC FC  အသင်းနှင့် Winner Soccer  FC အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ရာ  VUC FC အသင်းက ၅ ဂိုး ၁  ဂိုးဖြင့် လည်းကောင်း၊ နံနက် ၉  နာရီ ၄၅ မိနစ်တွင် Generations FC အသင်းနှင့် Futsal Chit Thu    အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ  Futsal Chit Thu  အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင်   Dream Team FC အသင်းနှင့်  M2K FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Dream Team FC အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း   အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် MIU FC အသင်းနှင့် Futsal 19 FCအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ MIU FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၃ နာရီတွင် Let Wel Thone Nara အသင်းနှင့် Linn Latt FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Linn Latt FC အသင်းက ၉ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

MFF AYA Pay  Futsal  League  ပြိုင်ပွဲ ပွဲစဉ်(၁၆)ပွဲစဉ်များ အပြီးတွင် VUC FC အသင်းက ပွဲစဉ်အားလုံး  အနိုင်ရရှိထားပြီး ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင်  ရပ်တည်လျက်ရှိနေကြောင်း သိရသည်။