ပဲခူးမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ပဲခူးမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၅၆)ဦး၊ အုပ်ချုပ်သူ(၃)ဦး၊ ဆေးအကူ (၂)ဦး၊ စုစုပေါင်း (၆၁)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယခု ကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော် ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူး တင် စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံ များအား ယခုလို ကြားသိခဲ့ရပါတယ် -

ကျွန်တော်ကတော့ ပဲခူးမြို့က လာတာပါ၊ ပဲခူးတိုင်းဒေသကြီးရဲ့ အငြိမ်းစားဝန်ထမ်းများ ကိုယ်စားပြု ကျွန်တော်တို့ ဒီဘုရာကြီးကို လာရောက်ခြင်းဖြစ်ပါတယ်။ မာရဝီဇယဘုရားကို ပဲခူးတိုင်းရဲ့ အစီအမံနဲ့ မော်တော်ယာဉ်ကအစလိုအပ်တဲ့ စားသောက်စရာပါ အားလုံးကို စီမံဆောင်ရွက်ပေးလို့ ကျွန်တော်တို့ အငြိမ်းစားများအဖွဲ့က ကျေးဇူးတင်ပါတယ်။ ဒီမာရဝိဇယ ကျောက်ဆင်းတု ဘုရားကြီးကို သယ်တာကအစ TV မှာလည်း ကြည့်ရပါတယ်။ အခု ဒီမှာကြတော့လည်း ထပ်ပြီးကြည့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို့ရဲ့ သက်တန်းတစ်ခုလုံးမှာ ဒီလိုတစ်ခါမှ မတွေ့ဘူးပါဘူး၊ အံမခမ်းဖြစ်ရပြီး ပညာရှင်တွေကပါ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် ဦးဆောင်မူတွေက အင်မတန်မှ ကောင်းမွန်တယ်ဆိုတဲ့ အကြောင်းလေး ပြောပြချင်ပါတယ်။ တစ်သက်နှင့်တစ်ကိုယ် ဖူးခွင့်ရတယ်ဆိုတာက ရင်ထဲမှာ ဝမ်းနည်းသလို့ပျော်သလို အင်မတန်ခံစားရပါတယ်။ ဒီလို ပီတိမျိုးဆိုတာ တစ်သက်မှာ တစ်ခါခံစားရတာပါ၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကျွန်တော်တို့က ဒီလိုမျိုးတွေ ကြည့်ရှခြင်းအားဖြင့် ဘုရားသာသနာအတွင်းမှာ  ကျွန်တော်တို့က လူလားမြောက်အောင် လူအခွင့်အရေးတွေ မဆုံးရှုံးအောင် ကြိုးစားအားထုက်ရမဲ့ အနေအထားမျိုးကို ကျွန်တော်တို့က ပိုပြီးတော့ သံဝေဂတွေ ရတာပေါ့၊ ကျွန်တော်တို့ လူသားဆိုတာ အချိန်တန် အိုမယ် နာမယ် သေမယ် ဒီအရေးသုံးပါးကို ကျွန်တော်တို့က အချိန်တန်ဖြစ်ရတော့မယ် ဒိတော့ ယုရားက ငါတို့အသက်ရှိတုံး ဖူးခွင့်ရတယ်ဆိုတဲ့ အကျိုးကျေးဇူးကို တန်းဖိုးဖြတ်လို့ မရပါဘူး၊ အခုလို ပို့ဆောင်ပေးတဲ့အတွက် အင်မတန်ပဲ တာဝန်ရှိသူအာလုံးကို ဝမ်းသာပါတယ်ဆိုတဲ့အကြောင်း ကျေးဇူးလည်း အထူးတင်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။

ဘုရားဖူးမြော်လိုက်ရတော့ ရင်အေးသွားတယ် သမီးရာ။ နောက်ပြီးတော့ အဘ ခေါင်းလောင်းကြီးမှာ ကြေးစီထုတော့ ဗိုလ်ချုပ်မှူးကြီး နာမည်သွားတွေ့တယ်။ ဟာ ဒါကြီးအေးချမ်းသလို သူလဲ စိတ်အေးချမ်းပါစေ။ မိသားစုလဲ။ တိုင်းသူပြည်သားတွေလဲ စိတ်အေးချမ်းပါစေ။  အဲလိုအဘ ဆုတောင်းမိပါတယ်။ အဘတို့ရင်ထဲ အေးပြီးတော့လေ ဒါမျိုးကလဲ ဘယ်မှာမှ မရှိဘူးခဲ့လို့ အဘထင်မိပါတယ်။ ဒါကြောင့်မလို့ဝမ်းသာပါတယ်။ သာသနာ့အတွက်ရော၊ နိုင်ငံတော်အတွက်ရော၊ ပြည်သူအတွက်ရော ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက်ရော၊ သမီးတို့အတွက်ပါ အဘဝမ်းသာပါတယ်လို့ ဆုတောင်းပါတယ်နော်။ ကျန်းမာချမ်းသာပြီးတော့ တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုး၊ သာသနာ့အကျိုး စောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် သမီး။

အရမ်းပဲ ဝမ်းသာပါတယ်၊ အရမ်းပဲ ကြည်နူရပါတယ်၊ လာရောက်ပြီးတော့ ပို့ပေးတဲ့ သူတွေ အားလုံးကိုလည်း ကျေဇူးတင်ပါတယ်။ ဒီမှာလက်တွေ့မြင်လိုက်ရတာ ကြည့်နူပြီး အရမ်းလည်း စိတ်ချမ်းသာပါတယ်။ အေးချမ်းလွန်အားကြီးလို တကယ်ကို ကြည်နူးမိပါတယ်။ ပြောမပြတက်အောင်ပဲ ကြည်နူးရပါတယ်။ တကယ်ဆို ကိုယ်ဟာကိုဆို ငွေကြေးကြောင့် လာနိုင်မှာ မဟုက်ပါဘူး၊ ကျန်းမာရေးကြောင့် လာနိုင်မှာ မဟုက်ပါဘူး၊ အခုလို ပို့ပေးတဲ့အတွက် အရမ်းပျော်ပါတယ်၊ လာရောက်ဖူး ဖို့ဆိုတာ အိမ်မက်တောင် မမက်ပါဘူး၊ နောက်ကိုလည်း ခဏခဏ လာရောက်ဖူးမြှော်ရပါစေလို ဆုတောင်းပါတယ်။ မဖူးရသေးတဲ့ ရပ်ဝေးရပ်နီးက အားလုံးသော သူများအားလုံး လာရောက်ဖူး မြှော်နိုင်ပါတယ်၊ ကြည်နူးရပါတယ်၊ အေးချမ်းပါတယ်၊ စိတ်လည်း ချမ်းသားရပါတယ်။ လာရောက်ဖူးမြှော်ကြပါလို့ တစ်နိုင်ငံလုံးကို ဖိတ်ခေါ်ပါတယ်။