ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃  ဘီလီယံ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

 

ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃  ဘီလီယံ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

    ပြည်မြို့နယ်နှင့် မင်းလှမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၃  ဘီလီယံတန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီတွင်ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် နဝဒေးတံတားထိပ်တွင်  ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ယာဉ်မောင်း ဟိန်းပိုင်ဦး(ခ)ကိုပိုင်(ခ)သားညီ မောင်းနှင်လာသည့် ISUZU Light Truck  မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ     ယာဉ်ပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor  လေအိုးတို့အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ  ည ၇ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး     မင်းလှမြို့နယ် ပုသိမ်- မုံရွာသွားကားလမ်း မိုင်တိုင်အမှတ်(၂၀၅)အနီးတွင် အောင်ကိုလတ်၊ ဇော်မြင့်(ခ)ရေခဲနှင့်  လင်းလင်းထိုက်တို့   သုံးဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်း၊ Bighorn  မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊  ဖေဖော်ဝါရီလ ၁၄  ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှကို မင်းတုန်းမြို့ တည်းခိုခန်း၌ လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို  ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်နယ်စပ်သို့    သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း  သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း   သိရသည်။