နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

    သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၉ ရက်မှ  ၂၅ ရက်အထိ   နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၅၃ ဒသမ ၆၂၈၂ တန်၊ သစ်မာ ၂၄ ဒသမ ၃၁၃၀ တန်၊ အခြား ၂၄၄ ဒသမ ၁၇၉၈ တန်၊ စုစုပေါင်း ၃၂၂ ဒသမ ၁၂၁၀ တန်၊ ယာဉ်/ ယန္တရား ၁၀ စီး၊ တရားခံ ၂၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။