အသံထက်မြန်လက်နက်သစ်များကို လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားဟု ပူတင်ပြော

 

အသံထက်မြန်လက်နက်သစ်များကို လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားဟု ပူတင်ပြော

 

    ရုရှားနိုင်ငံသည်  လွန်ခဲ့သည့်နှစ်များ အတွင်းက ဖော်ထုတ်ပြသခဲ့သည့် အသံ ထက်မြန် လက်နက်သစ်များကို ယခုအခါ လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားနိုင်ပြီ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပြောသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် အသံထက် မြန်စက်မဲ့ လေယာဉ်များနှင့် ဒုံးကျည်များကို လက်နက်ကိုင်တပ်ဖွဲ့များ၌ အသုံးပြုလျက် ရှိကြောင်း သမ္မတပူတင်က မိန့်ခွန်းတစ်ရပ် တွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

လက်နက်ကိုင်တပ်များတွင် ဖြန့်ကြက် အသုံးပြုနေသည့် အသံထက်မြန်လက်နက် များတွင် Kinzhal ဒုံးကျည်များ၊ Avangard  စက်မဲ့လေယာဉ်များ ပါဝင်သည်။ ရုရှားတပ်များသည် ယခုအခါ Kinzhal နှင့် Tsirkon  အသံထက်မြန် ဒုံးကျည်များကို စစ်ပွဲ ၌  ရန်သူ၏အရေးကြီး ပစ်မှတ်များအား တိုက်ခိုက်ရာ၌ အသုံးပြုလျက်ရှိသည်။

ရုရှားနိုင်ငံသည် Tsirkon  အသံထက်မြန် ဒုံးကျည်မှအပ ကျန်လက်နက် အသစ်များကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံသည် မကြာမီကာလ အတွင်း၌ ၎င်းတို့၏ မဟာဗျူဟာမြောက်  အကြီးစားတိုက်ချင်းပစ်  ပဲ့ထိန်းဒုံးကျည်များအား မြေအောက်သိုလှောင်ရုံများ၌ ရိုက်ကူးထားသည့်  ဗီဒီယိုပြကွက်များကိုလည်း  ထုတ်ဖော်ပြသရန် စီစဉ်လျက်ရှိသည်။