ဂျကာတာနှင့် အနီးရှိဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဟုဆို

 

ဂျကာတာနှင့် အနီးရှိဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဟုဆို

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာနှင့် အနီးအနားရှိ ဒေသများတွင် လာမည့် ၈ ရက် အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ဖေဖော်ဝါရီလ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။

ဂျကာတာမြို့တော်အပါအဝင် ဘိုဂေါ်၊ ဒီပေါ့နှင့် ဘာကာဆီဒေသများ၌ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနမှ ဒုတိယအကြီးအကဲ ဂက်ဝမ်တို က ပြောသည်။

ထို့ပြင် လူဦးရေ ၁၀ သန်းခန့်နေထိုင် သည့် ဂျကာတာမြို့တော်၏ မြောက်ပိုင်းတွင်  လာမည့် ရက်သတ္တပတ် အစောပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း၊ ထို့ကြောင့် မိုးလေဝသဌာန အနေဖြင့် အခြေအနေများကို ဆက်လက်စောင့်ကြည့် နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂျကာတာမြို့၌ ဖေဖော်ဝါရီလ ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ရှိ လမ်းမကြီး အများအပြားတွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။