အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၃၀၀၀၀ ကျော်အထိ မြင့်တက်

 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၃၀၀၀၀ ကျော်အထိ မြင့်တက်

 

    အနောက်ဘက်ကမ်းခြေဒေသရှိ  ဂါဇာစီးတီးတွင် အကူအညီများ ရရှိရေးအတွက် စောင့်ဆိုင်းနေသည့်    ပါလက်စတိုင်း လူအုပ်အတွင်းသို့  အစ္စရေးတပ်များက ဖေဖော်ဝါရီလ  ၂၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့ခြင်းကြောင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် သေဆုံးသူ  ပါလက်စတိုင်း ဦးရေမှာ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အစ္စရေးတပ်များသည်  ပါလက်စတိုင်း လူအုပ်ကြီးအား တိုက်ခိုက်သည်ဟု ပါလက် စတိုင်းအာဏာပိုင်များက ကနဦး ထုတ်ပြန်ထားသော်လည်း   အစ္စရေးတပ်များက ကုန်တင်ကားများပေါ်မှ ဂျုံမှုန့်များနှင့် စည်သွတ်ဘူးများကို ဆွဲချနေသူများအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း    မျက်မြင်သက်သေများက နောက်ပိုင်းတွင် ပြောသည်။

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ အစ္စရေးစစ်ဘက်က ဝန်ခံပြောကြားထားသော်လည်း  ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ပါလက်စတိုင်း ပြည်သူ များ၏ ခြိမ်းခြောက်သည့် အပြုအမူကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဆက်လက် ပြောကြား သည်။

လက်ရှိတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း သေဆုံးသူ ပါလက်စတိုင်း ပြည်သူအရေအတွက်မှာ   ၃၀၀၃၅  ဦး အထိမြင့်တက်လာပြီး ဒဏ်ရာရရှိသူဦးရေမှာ ၇၀၀၀၀ ကျော်ပြီဖြစ်ကြောင်း ပါလက်စတိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့ဖြစ်သည့် ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံ တောင်ပိုင်းသို့   စတင်တိုက်ခိုက်ခဲ့ရာမှ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ စစ်သွေးကြွအဖွဲ့သည် ဓားစာခံ ၁၀၀ ခန့်ကို  ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။