အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/

 

အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၉

    ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘိလိယက်နှင့် စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားပြိုင်ပွဲရုံ၌ ကျင်းပသည်။

  ယနေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်  Snooker 15 Red ပြိုင်ပွဲ၊ 9  Ball  Pool  Men Single  ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲတို့အား  ယှဉ်ပြိုင်ကစားခဲ့ပြီး  ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiard Double Final  ပြိုင်ပွဲ၊  9 Ball Pool Men Double ပြိုင်ပွဲ၊ 9 Ball Pool Women Double  ပြိုင်ပွဲ၊ Snooker   15   Red   ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။

  အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့်တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ  အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

၂၀၂၄  ခုနှစ်  မတ်လ  ၁  ရက်(ယနေ့) နံနက် ၉ နာရီမှစတင်၍ ၂၀၂၃- ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တို င်းဒေသကြီး ဘိလိယက်နှင့် စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် Snooker 15 Red Single Men ပြိုင်ပွဲ၊ Snooker  6  Red Single Men ပြိုင်ပွဲ၊ 9 Ball Pool  Men  Single ပြိုင်ပွဲ၊ 9 Ball Pool Women  Single  ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား   ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့်  မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။