တရားမဝင် သစ်မျိုးစုံ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၉

    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌     ကုန်သေတ္တာ (၆)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး Xyclone X5 EC  ကီလိုဂရမ် (၂၈၈၀)၊  Elevator  Bucket  Plastic(၁၄၂၉ ဒသမ ၅၀) ကီလိုဂရမ်နှင့် သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်း မရှိသည့်     စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး Scepter 270  EC  လီတာ (၅၀၀)၊ Temperature  Controller   အပူထိန်းညှိစက် (၂)ခုအပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၉၈၅၃၆၃)ကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ    သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော JEONSA Cooling Gel Patch ကိုယ်ပူကျကပ်ခွာ ကီလိုဂရမ် (၆၆၉ ဒသမ ၆) ၊ JFRESH LED မီးသီးလုံး (၆၆၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၇၃၀၂၀၁)ကို  လည်းကောင်း၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၇၁၅၅၆၄)ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်    လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာအဝေးပြေး ဝင်းရှိ မြတ်ကောင်းကင်ကားဂိတ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ဂျပန်ပြည်တွင်းသုံး 32"TV (၃၂)လုံး အပါအဝင်  ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇၂၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တွံတေးမြို့နယ်၊   တွံတေးတူးမြောင်း (၈)မိုင်ခွဲ၌ ရန်ကုန်မြို့မှ တွံတေးမြို့သို့ မောင်းနှင်လာသော လိုင်စင်မဲ့ ရန်မျိုးအောင် သစ်သားကိုယ်ထည် ရေယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း      (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၇၂၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်(တရုတ်လှဘက်ခြမ်း)၌   ဘားအံမြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကားတာယာများ(Used) လုံး   (၁၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၅၀၀၀၀၀)နှင့် အဆိုပါ တာယာများ တင်ဆောင်လာသည့် Hino Ranger Truck (၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက်တွင် စစ်ကိုင်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် (၁၁ ဒသမ ၆၂၇)တန်နှင့် အခြားသစ် (၂၁ ဒသမ၂၉၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅၇၅၇၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၉ ရက်တွင် စစ်ကိုင်းမြို့၊ ကံတလူပူးပေါင်း စစ်ဆေးရေးဂိတ်၌    လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၅၇၅၇၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၅၁၁၂၆၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု   တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။